Posts

ဆင်ကြီး ဂဋ္ဌုန်ချီ

ရွှေရ တို့သားအဖ ကျောင်းဝန်းထဲ ဝင်မိသည် နှင့် ကိုရင်ကြီး ကို အရင်တွေ့ရသည်။ "ဒီသားအဖ ဆရာတော်ဆီ လာတာလား" ကိုရင်ကြီး၏ အမေးကို ရွှေရ အဖေက "အေး၊ဟုတ်တယ်၊ငပေါ်ရေ၊ဆရာတော် ကြိမ်းနေသလား" "ဆွမ်းစားပြီးစ မှာတော့ကြိမ်း ထင်ပါရဲ့၊အခုလောက်ဆို နိုးလောက်ပါပြီ အကိုရာ၊တက်သာသွားလိုက်ပါ" ကိုရင်ကြီး က ရွှေရ အဖေရဲ့ညီတစ်ဝမ်းကွဲ၊ဒါကြောင့် အကိုလို့ခေါ်တာ၊ကိုရင်ကြီးတင် မကပါဘူး ကျောင်းထိုင်ဆရာတော်ကလဲ ရွှေရ အဖေရဲ့ဦးလေးတစ်ဝမ်းကွဲမို့ ရွှေရ ရဲ့အဖိုးလေးတော်တယ်လေ။ တောရွာမှာဆိုတော့တစ်ယောက်နဲ့တစ်ယောက် အမျိုးလှည့်ပတ်တော်နေကြတာ။ရွှေရ တို့သားအဖ ကျောင်းပေါ်ရောက်တော့ ဆရာတော်က စာဖတ်နေရာက လှမ်းကြည့်ပြီး "ဟ! ရွှေရကြီး၊ကျောင်းပိတ်လို့ပြန်လာတာပေါ့၊ဟုတ်လား" "တင်ပါ၊တနေ့ကဘဲ စာမေးပွဲ ပြီးတာဘုရား၊မနေ့ညနေက ပြန်ရောက်တာ၊အဲဒါ နွေကျောင်းပိတ်တုန်း ဘယ်မှ မလယ်စေချင်လို့အရှင်ဘုရားဆီအပ်ပြီး ဗေဒင်လေး၊လက္ခဏာလေး တတ်အောင် သင်ခိုင်းမလားလို့ဘုရား" ရွှေရ အဖေရဲ့စကားကြားတော့ ဆရာတော်က "ဟာ၊ငါ အခု ဗေဒင်၊လက္ခဏာ မဟောတော့ဘူး၊သင်လဲ မသင်ပေးတော့ဘူး၊ပရိယတ္တိ ဘဲလုပ်တော့တယ်၊အသက်လဲထောက်လာပြီကွာ၊သံသရာ...